ကျိုက်ဒုံမြို့(အ.ထ.က)မှ အသက် (၁၂) နှစ်မှ (၁၈) နှစ်ကြား ကျောင်းသား/သူ (၃၀၀) ဦးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း  Booster Dose  ထိုးနှံပေး

ကျိုက်ဒုံ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း  Booster Dose  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့(အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများဆောင်ရွက်ရာတွင် အသက် (၁၂) နှစ်မှ (၁၈) နှစ်ကြားအထိ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း  Booster Dose  ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခဲ့ကြသည့်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်စာရေးများက သွေးပေါင်ချိန်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)