ကြံခင်းမြို့ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး

 ကြံခင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာလာရောက်ထုတ်သူ ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။

ကြံခင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပင်စင်စား လာရောက်ထုတ်ယူသူ (၁၁၅၃) ဦး ရှိပြီး၊ နိုင်ငံရေးပင်စင်စား(၈၇)ဦး၊ မြို့ပြပင်စင်စား (၇၇၂)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၈၃)ဦး၊ ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်းနှင့် ပင်စင်ထုတ်ယူရာ၌ အဆင်ပြေစေရန် စက်တင်ဘာလ (၂၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)