မိုင်းခတ် စက်တင်ဘာ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်၍ Maskနှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့်ကို ဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာ နေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ MaskCampaignပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုင်းဇင်ကိုလတ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်စိုးစိုးငယ်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မိုင်းခတ်မြို့၊ မြို့မစျေးအတွင်း၊ အပြင်ရှိဈေးဆိုင်ခန်းများနှင့် လူစည်ကားရာနေရာများတို့တွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်းMaskနှင့်Face Shield များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်