ကျိုက်ထိုမြို့နယ်တွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။