စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၇)နာရီ အချိန်မှစ၍  ထုတ်ပေး​လျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ စျေးများတွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန် Mask  များဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနမှ လယ်ဝေးမြို့ သီရိရတနာစျေး​၊ အေလာစျေးနှင့် သာဝတ္ထိစျေးများတွင်

ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာယမန်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ရပ်စောက်၌ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)ရုံးတို့သို့သွားရောက်

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသော “ကောင်းစွာပြောဆိုနိုင်ပါစေ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)တွင်နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်ကျောင်းခွဲ(နောင်မိန်း)ကျောင်းတွင် ပန်းခင်းစီမံချက်-၂ ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

လဲချားမြို့နယ် နောင်မိန်းကျေးရွာတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြို့မကျေးရွာအုပ်ရှိ နောင်မိန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က

ဘားအံမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စုရပ် (၁၀) နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်း မြိတ်မြို့တွင် ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်(၉)နာရီခွဲက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့်ဘေး အန္တရာယ်ကင်းရှင်းရေးဌာနမှ ဖွင့်လှစ်ခဲ့သည်။

နွားထိုးကြိးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။
Subscribe to