မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မိုင်းခတ်  စက်တင်ဘာလ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းဟန်ကျေးရွာ၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင်ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းနှင့်အညီ နေထိုင်သွားကြရန်အသိပညာပေး‌ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မား‌စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စဉ်းစားတွေးခေါ်မှုမှန်ကန်စေရန် နယ်လှည့်ကွင်းဆင်း‌ဆောင်ရွက်ရခြင်းဖြစ်‌ကြောင်း အသိပညာ‌ပေးပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)