လယ်ဝေး စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စျေးများဌာနမှ လယ်ဝေးမြို့ သီရိရတနာစျေး၊ အေလာစျေးနှင့် သာဝတ္ထိစျေးများတွင် ယနေ့နံနက်ပိုင်းက Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနမှ ဝန်ထမ်းများက စျေးရောင်း ချသူများ၊ စျေးသွားစျေးလာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask (၃၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကူးစက်မြန် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေးတို့ကိုအသံချဲ့စက်များ၊ Hand Speakerများဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)