နွားထိုးကြိးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

နွားထိုးကြီး စက်တင်ဘာ ၂၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ ပေအကွာနေရာများ ချထားပေးခြင်း၊ လက် ဆေးဘေလ်စင်များ ထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင် ထုတ်ယူရာတွင် မတ်လ ၂၁ ရက်နေ့မှစ၍ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စာများအား နံနက် (၇) နာရီအချိန်မှစ၍ နေ့လယ် (၁) နာရီအချိန်ထိ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ  ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

သန်းအောင်ဇော်