လဲချား စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်ကျောင်းခွဲ(နောင်မိန်း) ကျောင်းတွင် ပန်းခင်းစီမံချက် -၂ ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ ပန်းခင်းစီမံချက် -၂ ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၃) ကတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပေးအပ်ခဲ့ပါသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းဦးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မည့် ကျောင်းသား/သူ များအား လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြမြစန်းမှ ကျောင်းသား/သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)