ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

ငါန်းဇွန်   စက်တင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာယမန်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၁၀၉၇)ဦးတို့အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့်(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းကို ဘိုးဘွားများ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လှည့်လည်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)