ရပ်စောက်၌ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရပ်စောက် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)ရုံးတို့သို့သွားရောက် ဆောင်ရွက်ခဲ့ကြောင် းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည်တိုက်သို့ လူကိုယ်တိုင်လာရောက်ငှားရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ ကိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများရှိဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆုမွန်(မြို့နယ်ပြန်/ဆက်)