လဲချား စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြို့မကျေးရွာအုပ်ရှိ နောင်မိန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်ရာတွင် ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နောင်မိန်းကျေးရွာရှိ အိမ်ထောင်စုလူဦးရေ စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)