မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား အပိုဆောင်းကာကွယ်ဆေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဒုတိယအကြိမ်အပိုဆောင်း (Booster Dose) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူထံက သိရသည်။