တံတားဦး စက်တင်ဘာ ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသော “ကောင်းစွာပြောဆိုနိုင်ပါစေ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာ များဖြစ်သည့် “ကောင်းစွာပြောဆိုနိုင်ပါစေ”နှင့် စကားကိုအလျင်စလိုပြောခြင်း “စသည့် အကြောင်း အရာများကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဦးမင်းမင်းကျော်က “ ခွန်အားရှိသော စကားများ”၊ “ဆရာကြီးလုပ်၍ ပြောသောစကား”နှင့် “မြှောက်ပင့် ပြောဆိုခြင်း”စသည့်အကြောင်းအရာများကိုလည်း ကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါ သနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာပေဝါသနာရှင်များ၊ စာအုပ်စာ စောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်