ကျောက်ကြီးမြို့နယ်၊ အ.ထ.ကကျောင်းသို့ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးလှုပ်ရှားဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကညွတ်ကွင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်း က လူသွားလူလာမှုများသည့် ဈေးအတွင်းအပြင်တို့တွင် စျေးဝယ်သွားလာသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာစေရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်း ရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။

ဗဟန်းမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ကုန်စည်ဈေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဣန္ဒာနီလာလမ်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်၌ ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအားအပြည့်အဝ အကောင်အထည်ဖော်  စိုက်ပျိုးနိုင်ရန်နှင့် ကော်ဖီသီးနှံ  အထွက်တိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်ရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (မိုးကုတ်)တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က အုန်းကိုင်းကျေးရွာ၊ တောင်သူဦးကျော်မြင့်၏ ရတနာနှင်းဆီ ကော်ဖီခြံတွင် ကော်ဖီပင်စည်ထိုးပိုး (Coffee Stem Borer) ကျရောက်ခြင်းအား ကာကွယ်နှိမ်နင်းခြင်း လူထုလှုပ်ရှားမှု Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးတွင်ဈေးရောင်း၊ ဈေးဝယ်သည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းအကြိမ်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အတွက်စျေးများနှင့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော ကိုယ်ပိုင်စျေးကြီး (၄)စျေးဖြစ်သည့် Ocean၊ City Mark ၊ စိန်ဂေဟာ၊ Super One တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်း က အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဟိုပန်မြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင်  ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to