မှော်ဘီ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ တိုက်ကြီးကုန်းကျောင်းကြီးကျောင်းတိုက်၊ ကလျာဏမိတ္တဓမ္မာရုံ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော် က နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်နှင့် မိမိတို့လိုအပ်ချက်များ တင်ပြလျှင် ဖြည့်စီးပေးရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးခြင်း၊ အုပ်ချုပ်ရေး စစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးဖြိုးအောင်ကြည် က လူမှုရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ လူမှုရေးစစ်ကြောင်းမှ ဒေါက်တာစောမြထွန်းမှ ကိုယ်ဗစ်(၁၉)ရောဂါနှင့် အပြင်ထွက်တိုင်း Mask နှာခေါင်းစီးတပ်ရန်နှင့် ဆေးထိုးပြီး (၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ ဒေါ်ငုဝါကျော်က ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ရေးများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ သိရှိလိုသည်များကို ဒေသကိုယ်စားပြု အဖွဲ့ဝင် (၂)ဦးဝင်းစိုးမှ မေးမြန်းရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့်အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကြောင်းကြီး (၅)ကြောင်းတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ကိုယ်ဗစ်ကာကွယ်နည်းလမ်းများ လက်ကမ်းစာစောင်နှင့် Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)