ကညွတ်ကွင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေး Mask Campaign ပြုလုပ်

ကညွတ်ကွင်း   စက်တင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ  ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်  ယနေ့နံနက်ပိုင်း က လူသွားလူလာမှုများသည့် ဈေးအတွင်းအပြင်တို့တွင် စျေးဝယ်သွားလာသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာစေရေးအတွက်  Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း Mask မတပ်ဆင်သူများအား Maskများ ဝေငှကာ ချက်ချင်းတပ်ဆင်စေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်သွားလာစေရေး၊   နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရေး    အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိူးလွင်(ပြန်/ဆက်)