မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် သွားရောက်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်(၁၀)နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးရည်များအား လူစည်ကားရာနေရာများတွင်ဖျန်းပက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍ ရေသယ်ယာဉ်များဖြင့် လူစည်ကားရာနေရာများ၊ လမ်းမကြီးများတစ်လျှောက် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် "ဘဝကိုပြောင်းလဲစေသော အတွေးအခေါ်များ အတွဲ(၂)" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြတ်ထွဋ်ညွန့် ရေးသားထားသည့် "ဘဝကိုပြောင်းလဲစေသော အတွေးအခေါ်များ အတွဲ(၂)" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ဝက္က‌သေးကျေးရွာတွင် သီးနှံအခြေခံ (ခရမ်းချဉ်သီး) တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေးထွက်ကုန်အ‌‌ခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသထွက်သီးနှံများ အလေအလွင့်မရှိ တန်ဖိုးမြင့်မားစွာ ရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်း​ဒေသကြီး​၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သီးနှံအခြေခံ (ခရမ်းချဉ်သီး) တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ရွှေတည်(၂)ကွက်သစ်နှင့်ဆက်သွယ်သော ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပေါင်းတည်မြို့မှ ရွှေတည်(၂)ကွက်သစ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပန်းခြံလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လကုန်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များအတိုင်း ပင်စင်အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော မြန်မာ့စီးပွားဘဏ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များအတိုင်း ပင်စင်အမျိုးအစားအလိုက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် ပင်စင်ငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုကိုးကျွန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒုတိယအကြိမ်မြောက် အခြေခံခဲပန်းချီသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန် က ဒုတိယအကြိမ်မြောက် အခြေခံခဲပန်းချီဆွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ခရမ်းမြို့(အ - ထ- က ၂) (မြိုမ) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီ က (အ - ထ -က -၂) (မြို့မ) ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းပေးလျက်ရှိ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် မြို့နယ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအား ချိုသာသောစျေးနှုန်းဖြင့် စာသုံးဆီရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ပေါ်အင်းကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to