မိုးကုတ် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအားအပြည့်အဝ အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန်နှင့် ကော်ဖီသီးနှံ အထွက်တိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (မိုးကုတ်)တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က အုန်းကိုင်းကျေးရွာ၊ တောင်သူဦးကျော်မြင့်၏ ရတနာနှင်းဆီ ကော်ဖီခြံတွင် ကော်ဖီပင်စည်ထိုးပိုး (Coffee Stem Borer) ကျရောက်ခြင်းအား ကာကွယ်နှိမ်နင်းခြင်း လူထုလှုပ်ရှားမှု Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Campaign တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်က ကော်ဖီစိုက်ပျိုးရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (မိုးကုတ်)မှ ခြံတာဝန်ခံဒေါ်ညွန့်ညွန့်က ကော်ဖီပင်စည်ထိုးပိုး (Coffee Stem Borer) ကျရောက်ခြင်းအား ကာကွယ်နှိမ်နင်းရေး အသိပညာပေးနည်းလမ်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီတောင်သူများမှ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ကော်ဖီခြံများတွင် ကော်ဖီပင်စည်ထိုးပိုး (Coffee Stem Borer) ကျရောက်ခြင်းအား Campaign အသွင်ဖြင့်ကြိုတင် ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီတောင်သူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)