ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် မိတ်ဆုံနေ့လည်စာစားပွဲနှင့် စစ်တွေတက္ကသိုလ် မိသားစုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသောအရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဆုံအထူးနေ့လယ်စာ စားပွဲနှင့် စစ်တွေတက္ကသိုလ်၌ (၂၇) ကြိမ်မြောက် တက္ကသိုလ်မိသားစု ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်သည်။