လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အတွက်စျေးများနှင့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)  စက်တင်ဘာ  ၂၁

 ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော ကိုယ်ပိုင်စျေးကြီး ()စျေးဖြစ်သည့် Ocean City Mark   စိန်ဂေဟာ၊ Super One တို့အား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်း က အသိပညာပေး  ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

လူစည်ကားရာစျေးများနှင့် စားသောက်ဆိုင်များတွင်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုကို လူမြင်သာသောနေရာများတွင် လက်ဆေးပါ၊ နှာခေါင်းစည်း Mask တပ်ပါ၊ ပိုစတာများ ချိတ်ဆွဲထားရှိခြင်း၊ စားသောက်ဆိုင်ရှင်များ၊ ဝန်ထမ်းများ၊ စားသောက်သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ဆိုင်အဝင်အဝများတွင် လက်ဆေးဘေစင်များ ထားရှိအသုံးပြုခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပြီးမှဝင်ရောက်ရန်နှင့် စားသောက်ဆိုင်များ၏ စားပွဲထိုင်ခုံများအား သတ်မှတ်အကွာအဝေးအတိုင်း ခင်းကျင်းရောင်းချစေရေးတို့အား လိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဆွေးနွေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ၀န်ထမ်းများက လိုက်လံနှိုးဆော်အသိပညာပေး ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ( ပြန်/ဆက်)