ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျန်းမာရေးဌာနခွဲတွင်  ပြည်သူများအား  တီဘီအဆုတ် ခေတ်မီ စမ်းသပ်စက်ကြီးများဖြင့်  အခမဲ့စမ်းသပ် ရှာဖွေကုသပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင် ကျန်းမာရေးဌာနခွဲတွင် ပြည်သူများအား တီဘီအဆုတ် ခေတ်မီစမ်းသပ်စက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက အခမဲ့စမ်းသပ် ရှာဖွေကုသပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အကြာ းကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပြီး ကျောင်းသူ/သားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်ဖြင့် ယမန်နေ့နေ့လယ် ၁ နာရီက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆည်တော်ဦးကျေးရွာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။

စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ  (အခမဲ့)ဝေငှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ရှင်စောပုရပ်ကွက် လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း Mask များ(အခမဲ့)ဝေငှခြင်း၊     အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

သာစည်မြို့၌ မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော်ရွတ်ဖတ်ပူဇော်ပြီး ငါးလွှတ်ပွဲကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မှုသော မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က   အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ကြို့ပင်ကောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ကျင်းပသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဇယ်တုန်ဟုန်း)၌ ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဇယ်တုန်ဟုန်း)၌ ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
Subscribe to