ကွမ်းလုံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်း ရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စာကြည့်တိုက်တာဝန်ခံ ဒေါ်အိဇာချို(ဒုတိယဦးစီးမှူး)မှ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများက ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၈)ပါ အကြောင်းအရာများဖြင့် စာဖတ်စွမ်းရည်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ အသစ် ရောက်ရှိလာသည့် စာအုပ်စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ် ပါဝင်စားစွာကြည့်ရှု၍ ဖတ်ရှုလိုသည့် စာအုပ်များကို အခမဲ့ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)