ပေါက်ခေါင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးတွင် ဈေးရောင်း၊ ဈေးဝယ်သည့်ပြည်သူများအား ကာကွယ်ဆေးထပ်ဆောင်းအကြိမ်ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူနှင့် တတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများကို ထပ်ဆောင်းအကြိမ်(Booster Does)တတိယနှင့်စတုတ္ထအကြိမ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက (Sinovac)အမျိုးအစား ကိုဗစ်-၁၉ကာကွယ်ဆေးကို ဈေးရောင်း၊ ဈေးဝယ်သည့်ပြည်သူ(၉၈)ဦးကို စနစ်တကျထိုးနှံပေးခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးသည့်အပြင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများအား အသိပညာပေးပြောကြားခြင်းနှင့် (Mask Campaign)ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)