မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်ရတနာဈေးအတွင်း၌ ယနေ့နံနက် (၉)နာရီအချိန် က စျေးသူ၊ စျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။