ကျောက်ကြီးမြို့နယ်၊ အ.ထ.ကကျောင်းသို့ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးလှုပ်ရှားဆောင်ရွက်

ကျောက်ကြီး   စက်တင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အ.ထ.ကကျောက်ကြီးကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်၍ သိရှိနေထိုင်တတ်စေရန် ရည်ရွယ်ပြီး သုံးဘီးမော်တော်ယာဉ်၊ ဗီနိုင်းပိုစတာများဖြင့် ပြသခဲ့ပြီးအသိပညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်