ကမမောင်းမြို့  လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ရွှေဥဒေါင်း"ရေးသားသည့် "အာဟာရနှင့်ကျန်းမာရေး" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၊ အ.ထ.က(၆)ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က(၆)ကျောင်းတွင်၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးဆန်းညွန့်ဦး ဦးဆောင်၍ ကျောင်းသားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။  

ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်ကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် စည်သာယာမူလတန်းလွန်ကျောင်းတွင် စာအုပ်/စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်ယဥ်‌ကျေးမှုခေါင်းစဉ်ဖြင့်ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ဒုံမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose  ထိုးနှံပေး

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် နေထိုင်သည့်ပြည်သူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျေးရွာတောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့အုပ်စု၊ ကျောင်းစုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး စိုက်ပျိုးရေးဆိုင်ရာများလမ်းညွှန် Plant Proction Application ကို တောင်သူများအား လက်တွေ့အသုံးပြုနိုင်စေရေး ရှင်းလင်းပေးခြင်းများကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မွေးကင်းစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်၊ ကျန်း မာသန်စွမ်းစေရန်နှင့် လိုအပ်သော အာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက် ၈ နာရီအချိန်ခန့် က စတင်ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaing ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaing ပြုလုပ်ခြင်းကို မြို့မဈေး ၁ လမ်းနှင့် လမ်းမတော်လမ်းတို့၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to