ကျေးရွာတောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ဖြူး   စက်တင်ဘာ   ၂၂

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊  ဖြူးမြို့နယ်၊ ဖြူးအရှေ့အုပ်စု၊  ကျောင်းစုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး စိုက်ပျိုးရေးဆိုင်ရာများလမ်းညွှန်  Plant Proction Application ကို တောင်သူများအား လက်တွေ့အသုံးပြုနိုင်စေရေး ရှင်းလင်းပေးခြင်းများကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယဦးစီးမှူး ဦးဟန်ဇော်ဦးနှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများက မိုးစပါးရိတ်သိမ်းအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ စသည့်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိူးနည်းစနစ်များနှင့် မျိုးရရှိရေး၊ နွေစပါးများ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးနိုင်သည့် အခြေအနေများ၊ မွေးမြူရေးကဏ္ဍတွင် ကျွဲနွား တိရိစ္ဆာန်များတွင် ဖြစ်ပွားမှုများသည့် ရောဂါများအကြောင်းနှင့် ကာကွယ်သွားရမည့် အခြေအနေများကို   အသိပေး ဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်၍ တက်ရောက် လာကြသော တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ရောဂါကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လမ်းညွှန်ပေးနိုင်သော မိုဘိုင်းဖုန်းတွင်  Plant Proction Application အား ထည်းသွင်းအသုံးပြုနိုင်ရေး ရှင်းလင်းပေးကာ ဆော့ဝဲလ်များ ထည့်သွင်းပေးခြင်း များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)