ပုသိမ်ကြီး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးက ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတကြွယ်ဝစေရန် စာအုပ်များငှားရမ်းခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်း အပြင် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲအိုမီခရွန် BA4,BA5 အကြောင်း သိကောင်းစရာများကို ဟောပြော ခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါအကြောင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။
မြို့နယ်(ပြန်ဆက်)