ငါ့သရောက်မြို့ အမှတ် (၁) မြောက်ကုန်းရပ်ကွက်ရှိ အင်းဝတောရကျောင်းဆရာတော် ဘန္ဒန္တသောဘနမဟာထေရ်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် သက်တော် ၈၃ ဝါတော် ၆၃ ရှိ အင်းဝတောရ ကျောင်းဆရာတော် ဘန္ဒန္တသောဘနမဟာထေရ်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲကို ယနေ့တွင် အင်းဝတောရကျောင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် အောင်စိတ်ဖြင့်ထူးချွန်စွာ အောင်မြင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အမရပူရမြို့အမှတ်၂  အခြေခံပညာ အထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့်( ၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိအမှတ်( ၂)အခြေခံပညာ အထက်တန်းကျောင်း၊ မေတ္တာရိပ်ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ် ဦးစီးမှူးရုံးကနိုင်ငံသားစိစစ်ရေးကတ်မရှိသေးသောကျောင်းသား၊ ကျောင်းသူများကို ပန်းခင်းအဆင့် ၂ စီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီက   လူထုအခြေပြုဗဟိုဌာန၌  ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။

စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၅လမ်းနှင့် ၅၆လမ်းကြား၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ယနေ့နံနက်(၇)ခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
Subscribe to