တောင်ဥက္ကလာပ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့်ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ယဉ်ကျေးစွာပြောဆိုဆက်ဆံတတ်စေရေး၊ စာရိတ္တကောင်းမွန်ရေး၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင်လူရည်ချွန်ကောင်းများဖြစ်စေရန်အတွက် လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး ယနေ့လူငယ်လူရွယ်များ နောင်ဝယ်ကာလတွင် လိမ္မာယဉ်ကျေးသောလူတော်များ၊ အကျင့်စာရိတ္တကောင်းမွန်သော၊ ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများပေါ်ထွန်းလာစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်၊ စာပေများမှမှန်ကန်သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များရရှိစေရန်၊ အားလပ်သောအချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ ထိန်းသိမ်းရမည့်ယဉ်ကျေးမှု၊ တန်ဖိုးထားအပ်ရမည့်ယဉ်ကျေးမှုများ၊ လိုက်နာကျင်သုံးရမည့် ယဉ်ကျေးမှုများအတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ လိမ္မာယဉ်ကျေးစေရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးအတွက် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)