ချမ်းအေးသာစံမြို့နယ် Community Centre တွင် ပုံပြောပြိုင်ပွဲကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မင်းကွန်းသရက်ပင် ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှတ်(၅)တို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် (၁၀)နာရီက ကျောင်းသားကျောင်း သူများပုံပြောပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် ဆားခါးကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် Mask Campaign ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့်

လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ကိုဗစ်ရောဂါပိုး ရှိ /မရှိစစ်ဆေးပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမဆောင်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်စေရေးအတွက် (RDT) test kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်းဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူများ၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာအကြောင်း (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁ဝး၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်၌ ယခုနှစ်ဆောင်းနေကြာ လျာထားဧက(၁၀၀၀)ကျော် စိုက်ပျိုးနိုင်ရန် တောင်သူများထံ မျိုးစေ့များစတင်ဖြန့်ဖြူးပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံနေကြာ ဧက(၁၀၀၀)ကျော်စိုက်ပျိုးရန် ရည်မှန်းလျာထားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သန့်စင်ပြီး‌ နေကြာမျိုးစေ့များကို ယနေ့နံနက်ပိုင်းကစတင်၍ ဆောင်းနေကြာစိုက်တောင်သူများထံ ဖြန့်ဖြူးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင်းခြံမြို့နယ် ဆားခါးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆားခါးကျေးရွာရွှေကျောင်း ဘုန် းကြီးကျောင်းတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့တွင် မိုးစပါး၊ နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီချိန်ကပြုလုပ်သည်။
Subscribe to