ကမမောင်း စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ရွှေဥဒေါင်း"ရေးသားသည့် "အာဟာရနှင့်ကျန်းမာရေး" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃(အင်အားပြ)ဒေါ်တင်တင်လှက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်မခင်သဇင်ဖူးက"ရောဂါအနာ ဖြစ်စေတတ်သည့် ဒုတိယအကြောင်းကြီး တစ်ရပ်မှာအစာချေစက်၊ ဓါတ်ခွဲစက်တို့မှထွက်လာ သောအညစ်အကြေးများကို ကုန်စင်အောင် သုတ်သင်ရှင်းလင်းရန် မတတ်နိုင်ခြင်းပင်ဖြစ်၏။ နေ့စဥ်တစ်ကြိမ်မျှ ဓါတ်သွားသော်ဓါတ်မှန်နေ၍ အညစ်အကြေးများမရှိနိုင်ပြီးဟု မမှတ် ယူသင့်ချေ။ ဓါတ်မှန်သည့်အပြင်ခုနှစ်ရက်တစ်ကြိမ်ဆေးစား၍ ဝမ်းနှုတ်သော်လည်းအညစ်အကြေး များမရှိတော့ပြီးဟူ၍လည်း မမှတ်ယူနိုင်သေးချေ"စသည့် အကြောင်းအရာများကို အသေး စိတ်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)