သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ ငါးသားပေါက်အကောင်ရေ (၇.၅)သိန်းငါးမျိုးစိုက်ထည့်
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က ဘူတာပိုင်းရပ်ကွက် မြို့မဈေးတံတားအနီး ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင်၌ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။