ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ကလော စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်ကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။   

ဟောပြောပွဲတွင် ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးနိုင်ထက်လင်း က အဖွင့်အမှာစကား ပြောကြားပြီး အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး  ရဲအုပ် ဝင်းညွှန့်ဦး က လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့်  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများအကြောင်းနှင့် လူမှောင်ခိုလူကုန်ကူးအကြောင်းတို့ကို ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား၊ကျောင်းသူ တစ်ရာကျော်ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)