ကျိုက်ဒုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် နေထိုင်သည့်ပြည်သူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံကြမည့် ပြည်သူ (၃၀၀) ဦးရှိပြီး ယနေ့တွင် ကာကွယ်ဆေးထိုးနှံခဲ့ကြသည့် ပြည်သူ (၆၅) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူအား ကာကွယ်ဆေးထိုးနှံပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခဲ့ကြသည့်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်စာရေးများက သွေးပေါင်ချိန်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင် (ကျိုက်ဒုံ)