လှိုင်းဘွဲ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်၊ ကျန်းမာသန်စွမ်းစေရန်နှင့် လိုအပ်သော အာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှအ သက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက်ထိုးနှံရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ကလေးငယ်များ အနေဖြင့် အာဟာရရှိရေးအတွက် မိခင်များအနေဖြင့် ဆောင်ရန်၊ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် ကိုယ် ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသာပတေးနေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)