ဗိုလ်တထောင် စက်တင်ဘာ ၂၂
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က(၆)ကျောင်းတွင်၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးဆန်းညွန့်ဦး ဦးဆောင်၍ ကျောင်းသားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းနားတွင်အမှတ်(၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ခြေလျင်လျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ပရိုဂျက်တာဖြင့်အသိပညာပေးဟောပြောပြီး ကျောင်းသားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးနှင့်ပတ်သက်ပြီး ဉာဏ်စမ်းဖြေဆိုနိုင်သူများကို ဒုရဲမှူးဆန်းညွန့်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေလှိုင်တို့က လက်ဆောင်များ ချီးမြှင့်ခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား (၂၀၀)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)