ကျောက်ကြီး စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက် ၈ နာရီအချိန်ခန့် က စတင်ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျောက်ကြီးမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ် (၄၀၈၀၀၀၀) သိန်းဖြင့် အလျားပေ (၁၀၀)၊ အကျယ် (၁၂)ပေ၊ အမြင့်ထု (၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လုပ်ငန်းအား ၂၀၂၃ ခုနှစ် မတ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)