မလှိုင် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများဒေသခံပြည်သူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေပြီး သန့်ရှင်းသာယာလှပ စေရန်ရည်ရွယ်ချက်များဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထန်းတောကျေးရွာ အုပ်စုရှိ ထန်းတော အ.လ.က ကျောင်း၌ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ကျောင်းသား/သူ(၄၂၂) ဦးပညာသင်ကြားလျက်ရှိပြီး ယခုလိုမိုးရာသီကာလ တွင်ဖြစ်ပွားတတ်သောသွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် သန့်ရှင်းသာယာလှပပြီး စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာဝန်ထမ်း(၈၀) ဦး၊ မီးသတ်ဦးစီးဌာန(၂၀)ဦး၊ စည်ပင်သာယာရေးအဖွဲ့(၂၀)ဦး၊ ဒေသခံပြည်သူ(၅၀)ဦး၊ ထန်းတော လူငယ် ပရဟိတအဖွဲ့(၂၀)ဦး၊ Saving Mahlaing ပရဟိတအဖွဲ့(၁၀)ဦး၊ ဌာနဆိုင်ရာ(၇၀)ဦး၊ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀)ဦး၊ စုစုပေါင်း (၃၀၀)ဦးတို့ဖြင့် ကျောင်းဝင်းအတွင်းနှင့် ကျောင်းရှေ့မျက်နှာစာရှိ ပေါင်းမြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများကိုခုတ်ထွင်ရှင်းလင်းခြင်းများကို တစ်ပျော်တစ်ပါး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စဉ်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဆောင်ရွက်ထားသည့် ကျောင်းဝင်းအတွင်း /အပြင်မှထွက်ရှိလာသော အမှိုက် သရိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် သယ်ယူပြီး အမှိုက်များကို စနစ်တကျ စွန့်ပြစ်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)