နောင်တရားမြို့ပတ်ဝန်းကျင်ကျေးရွာများ၌ ချင်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

နောင်တရား  စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပတ်ကျင်းကျင်ကျေးရွာများ၌ ချင်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

“ယခင်နှစ်က ချင်းဈေး တစ်ပိဿာ ၁၅၀ကျပ်မှ ၃၀၀ကျပ် ဈေးဖြစ်ရောင်းအဝယ်ဖြစ်တော့ မရောင်းဖြစ်ဘူး အကုန်ပြန်စိုက်လိုက်တယ် ဒီနှစ်လည်းယခုအချိန်ထိ ချင်းဈေးအနည်းငယ် တက်လာတယ် ယခုအောင်ပန်း ကုန်စည်ဒိုင်မှ တစ်ပိဿာ ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ အရောင်းအဝယ်ဖြစ်တယ် ရောင်းရတယ် ပွဲစားခ၊ ကားခ၊ အလုပ်သမားခ နုတ်ရင် တစ်ပိဿာ ၃၀၀ကျပ်ကျန်တယ် စိုက်ပျိုးထားတဲ့ချင်းပင်ကြည့်ပြီး ကောင်းတယ်လို့ ယူဆလို့ရတယ် ဈေးကောင်းရဖို့ဘဲ မျှော်လင့်ရမယ် ချင်းစိုက်တာ ကုန်ကျစရိတ်သက်သာလို့ အများကြီး စိုက်ဖြစ်ပါတယ်”ဟု ပင်ခါးကျေးရွာမှ ချင်းစိုက်တောင်သူတစ်ဦးကပြောသည်။

ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ယခင်နှစ်တွင် ချင်းဈေးမကောင်းခြင်းကြောင့် ရောင်းချမှု နည်းပါးပြီး ယခုနှစ်ရာသီတွင် ချင်းစိုက်ပျိုးမှု ယခင်နှစ်ထက်များပြားနိုင်ကြောင်း အဆိုပါ ချင်းစိုက်တောင်သူက ပြောသည်။ နောင်တရားဒေသ၌ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်မှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)