ပျော်ဘွယ်မြို့နယ်တွင် “ဒို့အတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲရုံပြုလုပ်မည့်နေရာများအား ကြည့်ရှုစစ်ဆေး
ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၈ နာရီခွဲက ရန်အောင်ကျေးရွာရှိ လူစည်ကားသည့် ဈေးသို့သွားရောက်ဆောင်ရွက်ခဲ့ကြသည်။