ကော့ကရိတ်မြို့နယ်တွင် ၂၀၂၆ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၏ ဓမ္မသုခစာသင်တိုက်၌ ကျင်းပသည်။