ဇလွန်မြို့တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဇလွန် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ စတင်​ဖြေဆိုခဲ့သည်။

ဇလွန်မြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲစတင် ဖြေဆိုရာတွင် ပထမကြီးတန်း ဖြေဆိုသံဃာ (၇) ပါး ပထမလတ်တန်း ဖြေဆိုသံဃာ (၂၀) ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ (၃၅) ပါး၊ အခြေပြု မူလတန်း ဖြေဆိုသံဃာ (၃၅) ပါး စုစုပေါင်း စာဖြေသံဃာ (၉၇) ပါး ဝင်ရောက်ဖြေဆိုကြပြီး မတ်လ ၂၉ ရက်နေ့မှဧပြီလ ရက်နေ့အထိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ် စာမေးပွဲများ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန် / ဆက်)