ညောင်တုန်းမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးနှင့် စိတ်လူမှုဆက်ဆံရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကျင်းပ

ညောင်တုန်း  မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးနှင့် စိတ်လူမှုဆက်ဆံရေ မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို မတ် ၂၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးမည့်အကြောင်းအရာများ ပြောကြားခဲ့သည်။

အဆိုပါ‌ ဆွေးနွေးပွဲကာလမှာ မတ်လ ၂၉ ရက်နေ့မှ ၃၁ရက်နေ့အထိဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၂၄၂)ဦး တက်ရောက်လျက်ရှိ ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)