အုတ်တွင်းမြို့နယ် သံဘိုကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများသတ္တမအကြိမ်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်း ရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဘိုကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းများ ဆင်းပွဲ ကျင်းပ

ကျောင်းသား၊‌ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ‌စေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်‌ ရောက်ခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

နွေရာသီသို့ရောက်ရှိပြီး ပူပြင်းခြောက်သွေ့‌လာခြင်း‌ကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၃၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ဖွင့်လှစ်ခဲ့သော မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲတက်ရောက်၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းက အဆိုပါ အဆောက်အအုံသစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တရားရေးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။

သထုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရပ်စောက်-ဗထူးနှစ်ခြင်း ခရစ်ယာန်အသင်းတော် ခရစ်ယာန်ဓမ္မပညာဌာန နွေဥတုသမ္မာကျမ်းစာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်-ဗထူးနှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ခရစ်ယာန် ဓမ္မပညာဌာန နွေဥတုသမ္မာကျမ်းစာသင်တန်းကို သင်တန်းသူ၊ သင်တန်းသားများ နွေရာသီအားလပ်ရက်အချိန်များ အကျိုးရှိစွာအသုံးချတက်နိုင်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးငယ်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မတ်လ ၂၉ နေ့ ညနေ ၆ နာရီကဖွင့်လှစ်ခဲ့ပြီး ၃၀ ရက်နေ့နံနက် ၆ နာရီ ၃၀ မိနစ်တွင် စတင်ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်မှုများဆောင်ရွက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျ ပေါင်စပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
Subscribe to