စေတနာ့ဝန်ထမ်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် အခြေခံပညာကျောင်းများ၊ လူမှုအသင်းအဖွဲ့များ ထံသို့ PPE ဝတ်စုံ ထောက်ပံ့ပေးအပ်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည် မှ ပေးအပ် ချီးမြှင့်လာသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းအဖွဲ့ များအား

ဟိုပင်၌ အခြေခံပညာကျောင်းများသို့ Hand Gel၊ လက်ဆေးဆပ်ပြာရည်နှင့် PPE ဝတ်စုံ ၃၂ စုံ ဒုတိယအကြိမ် လှူဒါန်း

ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် - ၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အခြေခံပညာ ကျောင်းများသို့ Hand Gel၊ လက်ဆေးဆပ်ပြာရည်နှင့် PPE ဝတ်စုံများကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ မေတ္တာရိပ် အသင်းဝင်များက သွားရောက် လှူဒါန်းခဲ့ကြသည်။

မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည်စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဒုတိယအကြိမ်ချင်းတွင်းမြစ်ရေသည် သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြန်လည်မြင့်တက်လာရာယနေ့မွန်းလွဲ(၁)နာရီအချိန်တိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်(၁၂၃၀)စင်တီမီတာအထက် (၉)စင်တီမီတာကျော်လွန် ရောက်ရှိ နေကြောင်း မော်လိုက်ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

လပွတ္တာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် တင်သွင်းသည့် မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်

လပွတ္တာမြို့နယ်တွင်၊ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီသို့ ရပ်ကွက်/ကျေးရွာ (၈၂)ခုမှ တင်ပြ လာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ သြဂုတ် လ(၁၇)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် သံချဆေးတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စု မြောင်းဦးကျေးရွာမှ(၂)ဦး၊ မဲပုပ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာမှ(၁)ဦး၊ မုန်း(၄)ရပ်ကွက်မှ(၁)ဦး၊ နတ်သံကွင်း(၇)ရပ်ကွက်မှ(၁)ဦး၊ စုစုပေါင်း နေရပ်ပြန်(၅)ဦးတို့သည် ထိုင်းနိုင်ငံရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ည(၁၀)နာရီတွင် သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့့်် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက်ခေါ်ဆောင်ခဲ့ သည်။

ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ တောင်သူ များအား တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံတောင်သူများ တိရစ္ဆာန်အစာ ဖူလုံစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာများ အရောက် ကွင်းဆင်းပြီး တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For work စီမံကိန်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးရွာပေါင်း (၇) ရွာ၌ စီမံကိန်းလုပ် ငန်းပေါင်း (၁၃) ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေး/လက်ဦးစီးဌာနမှ သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း အသေးစိတ် စီမံချက်ရေး ဆွဲခြင်းအတွက် ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း အသေးစိတ်စီမံချက်ရေးဆွဲခြင်းအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
Subscribe to