သရက် မတ် ၃၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူထုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး မျိုးသီဟဇော်က မြို့နယ်၏လုံခြုံရေးကိစ္စရပ်များနှင့် ကုန်စည်စီးဆင်းမှုအခြေအနေကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်သူရက မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား ဆွေးနွေးပေးခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းယုခိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းလျာထားလုပ်ငန်းများ အခြေအနေများကို ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးကိစ္စများ တင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)