အိမ်မဲမြို့၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောင်းဝရပ်ကွက်ရှိ မီးသတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်း​သေ​ကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ  တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာတိုးတက်ကာ မြန်မာ့​ကော်ဖီကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ရေးရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီက ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းရှူးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အောင်နန်း ရိပ်သာအရှေ့ရပ်ကွက်ရှိ ယူနန်တရုတ်ဘုံကျောင်း၊ ခန်းမ(၂)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်အား ဖူးမြော်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး အလှူငွေများလှူဒါန်းခဲ့သည်။

နမ့်စန်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ  ၁၅ ရက်မှ စတင်၍  ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပထမပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် မဲဆန္ဒရှင်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်နှင့် (ဆ)ရပ်ကွက်တို့တွင်‌ အောက်တိုဘာ ၁၂ ရက်နေ့ယမန်‌‌နေ့ နံနက်ပိုင်းကစတင်၍ အသက်(၁၈)နှစ်နှင့်အထက် မဲဆန္ဒရှင် လူဦးရေစာရင်းများအား ‌မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည်။

လွိုင်လင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ ရုံးသင်တန်းခန်းမတွင် ကျင်းပပါသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယမန်နေ့ နံနက်က စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ မန္တလေးဇုန်(ဇုန် - ၁) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to