သံတောင်ကြီးမြို့တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချသူများ အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာဉယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မရမ်းသီးပင် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် မရမ်းသီးအစိုများ ဝယ်လိုအားနည်းခြင်းကြောင့် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချသူများအပိုဝင်ငွေရရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီက ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန် ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီး သာသနရက္ခိတကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီသာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မိုင်းယုမြို့၌ ဆရာတော်အရှင်သူမြတ်သုံးပါးအား ကံထပ်မင်္ဂလာဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဆရာတော်အရှင်သူမြတ် သုံးပါးအား ကံထပ်မင်္ဂလာဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ကျွမ်းတောင်းဘုန်းကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

လရောင်ဖြာပရဟိတအသင်း ဓမ္မပူဇာ တရားပွဲသန်လျင်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ လရောင်ဖြာပရဟိတအသင်းကဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် ထေရဝါဒအထူးတရားပွဲကို မတ် ၂၉ ရက်နေ့က ဗိုလ်ချုပ်ကျေးရွာ သာယာကုန်းနယ်မြေ (၁၂) ၌ ကျင်းပလျက်ရှိသည်။

မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ(ဒုတိယနေ့)ဖြေဆိုလျက်ရှိ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ(ဒုတိယ)နေအား မတ် ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွှေညောင်ပင်ကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မရုံတော်၌ ကျင်းပလျက်ရှိသည်။

လသာမြို့နယ် သိမ်ကြီးဈေး (ဃ) ရုံတွင် မီးဘေးကာကွယ်ရေးပစ္စည်းများ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ သိမ်ကြီးဈေး (ဃ) ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဗူးများ၏ အသုံးပြုနိုင်စွမ်း၊ သက်တမ်းနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေများအား ယမန်နေ့ နံနက် ၉ နာရီက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to