သာစည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မတ် ၃၀ ရက်နံနက်က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာနှင့်ပန်းချီသင်တန်းကို မတ်လဆန်းပိုင်းမှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သင်တန်းမဆင်းမီ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲမပြုလုပ်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းက စည်းကမ်းများကိုပြောကြားပြီး ပြိုင်ပွဲ စတင်ရာ သင်တန်းသား ၁၆ ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများကို သင်တန်းဆင်းပွဲတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲအကျိုးရှိစေရန်နှင့် လူငယ်များဖွံ့ဖြိုး တိုးတက်လာစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နှစ်စဉ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)